
ငါ့ကိုစောင့်ရှောက်ပါ
မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ · ထုတ်ဝေသည့်နေ့: 02/09/2026
ကိုယ့်ကိုယ်ကို စောင့်ရှောက်ဖို့ အဓိကကျတာနဲ့ ပတ်သက်လို့ ဖြစ်ရပ်တစ်ခု မှတ်တမ်းတင်ထားတယ်။ ကောင်းကင်ဘား ကျွမ်းဘားပြစားတဲ့ ဆရာတပည့်နှစ်ယောက်အကြောင်း၊ ဒီနေ့ခေတ်ဆို ဆပ်ကပ်ပြတယ်လို့ ခေါ်မယ်ထင်တယ်။
ရှေးတုန်းက ရုံတွေဘာတွေ ရှိပုံမရဘူး၊ လမ်းစုံလေးခွတို့ လူစည်စည်ရှိတဲ့ ပွဲလမ်းသဘင် အခမ်းအနားတို့မှာ အလွတ်ပြတာ၊ လာကြည့်သူတွေက သဒ္ဓါကြေး ထည့်ပေါ့။ အခုချိန်ထိ အိန္ဒိယနိုင်ငံ အနှံ့အပြားလိုမှာ ကျွမ်းဘားပြတာ ကြိုးတန်းပေါ် လမ်းလျှောက်တာ မီးကွင်းတွေနဲ့ကစား ကပြတာတွေ တွေ့ရတယ်။ တလောက ဦးဇင်းတို့ သွားတုန်းကတောင် နေရာအတော်များများမှာ တွေ့ခဲ့သေးတယ်။
မြတ်စွာဘုရား သုမ္ဘတိုင်း သေဒကမြို့မှာ၊ မြို့ဆိုတာက မြို့လေး၊ ရှေးက မြို့ပြဖွဲ့စည်းခေါ်ဝေါ်ပုံက ဈေးရှိပေမယ့် တံတိုင်းအကာအရံမရှိတဲ့မြို့ကို နိဂမ နိဂုံးလို့ ခေါ်တယ်၊ အဲဒီ သေဒကမြို့လေးမှာ မြတ်စွာဘုရား သီတင်းသုံးနေခိုက် ရဟန်းတွေကို ရှေးဖြစ်ရပ်တစ်ခု ပြန်ပြောပြတယ်။ ဖြစ်ရပ်က ဝါးတိုင်ထိပ်မှာ ကပြတဲ့ ဆရာတပည့် နှစ်ယောက်အကြောင်း။ ဝါးလုံးကို မြေမှာစိုက်ပြီး ဝါးတိုင်ထိပ်ပေါ်မှာ ဆရာတပည့်နှစ်ယောက် ကျွမ်းဘားပညာတွေပြပြီး အသက်မွေးဝမ်းကျောင်းတာ။
တစ်နေ့ ... ဆရာက ကျွမ်းဘားကစားခါနီးမှာ တပည့်ကို ပြောတယ်၊ လာ ဝါးတိုင်ပေါ် တက်၊ ငါ့ပခုံးပေါ် ရပ်၊ ဆပ်ကပ်ပြကြမယ်ပေါ့၊ ပြီးလို့ရှိရင် မင်းက ငါ့ကို စောင့်ရှောက်၊ ငါကလည်း မင်းကို ပြန်စောင့်ရှောက်မယ်၊ တို့ ... တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် စောင့်ရှောက်ရင် ဆပ်ကပ်ပြပွဲ အောင်အောင်မြင်မြင် ပြီးသွားမယ်တဲ့။
(ဆက်ပါဦးမည် ... )။
ကိုယ့်ကိုယ်ကို ကောင်းမွန်မှန်ကန်စွာ စောင့်ရှောက်ပြီး တခြားသူတွေကို ချမ်းသာကြီးပွားအောင် စောင့်ရှောက်နိုင်သူများ ဖြစ်ကြပါစေ။
မေတ္တာဖြင့်-
ဒေါက်တာအရှင်ဥတ္တမာနန္ဒ
ဓမ္မဓရကောလိပ်၊ မန္တလေး။
၀၂/၁၂/၂၀၂၄ (တနင်္လာနေ့)